ဟိုင်းကြီးကျွန်း - ခမောက်မော် မြစ်ဖြတ်ကျော် လျှပ်စစ်တာဝါတိုင် တည်ဆောက်မည့်နေရာကို ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ် (၃) ရပ်ကွက်နှင့် ခမောက်မော်ကျေးရွာကို ဆက်သွယ် ဆောက်လုပ်ထားသော ဟိုင်းကြီးကျွန်း တံတားအနီးတွင် Million Best Construction Co., Ltd က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မြစ်ကိုဖြတ်ကျော်ပြီး လျှပ်စစ်တာဝါတိုင် တည်ဆောက်မည့် မြေနေရာသို့ ယနေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများ လိုက်ပါ၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။






