ဒီးမော့ဆိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် နှစ်လုံး အမိုးလန်ပျက်စီး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ မွန်းလွဲ ၂ နာရီက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် ငွေတောင်ကျေးရွာအုပ်စုရှိ ပါဒေါဒူကျေးရွာတွင် နေအိမ် တစ်လုံးနှင့် ဒေါကလိုးခူကျေးရွာတွင် နေအိမ် တစ်လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ဆန်နှင့်ပဲမျိုးစုံ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် စိုက်ပျိုးရာသီအမီ သွင်းအားစု ဓာတ်မြေသြဇာ ပိုးသတ်ဆေးများ လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
ဆန်နှင့်ပဲမျိုးစုံ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် စိုက်ပျိုးရာသီအမီ သွင်းအားစု ဓာတ်မြေသြဇာ ပိုးသတ်ဆေးများ လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ဖရူဆိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ (၆) ဦးအား သတ်မှတ်နေရာ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်မည်

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင် စခန်းများတွင် ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများတွင် ကွင်းဆင်းစစ်ဆေး

​ကန်ပက်လက်မြို့နယ် ပြည်သူ့ဆေးရုံ ဆေးသိုလှောင်ရုံနှင့် ခွဲစိတ်ခန်းပါဆေးရုံ တိုးချဲ့ဆောင် တည်ဆောက်မှု ကွင်းဆင်းစစ်ဆေး