ဆေးတက္ကသိုလ်-၁(ရန်ကုန်)သားဖွားမီးယပ်ပညာဌာန၊ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)နှင့် သြစတြေးလျနိုင်ငံ မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်းခွဲစိတ်အထူးကု ဆရာဝန်ကြီးများအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် (၆) ကြိမ်မြောက် မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်း ခွဲစိတ်ကုသမှုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) အဆင့်မြင့်ငါးထပ်ဆောင်၌ ကျင်းပသည်။