ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်မြို့ရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် (၃)ဆိုင်တို့တွင် မော်တော်ယာဉ်များသို့ CNG ဖြန့်ဖြူးရောင်းချနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။