အစိုးရကိုယ်စားလှယ်များနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်တို့၏ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနိုင်းအစည်းအဝေး ကျင်းပ၊ အစိုးရအနေဖြင့် ထောက်ပံ့ရေးနှင့်ပတ်သက်၍ ဒေသနှင့်သင့်လျှော်သည့် မူချမှတ်ရေးကိစ္စရပ်အား အသိအမှတ်ပြုပြီး ဆောင်ရွက်ပေးသွားမည်
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီသည် ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် Online Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍






