ကျောက်တလုံးကြီးမြို့၌ ငါးရက်တစ်ဈေး ဖွင့်လှစ်ရောင်းချလျက်ရှိပြီး နောင်လာဈေးနေ့တွင် နှာခေါင်းစည်း မတပ်ဆင်လာသူများကို ဒဏ်ပေးမည်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ငါးရက်တစ်ဈေးပုံမှန် ဖွင့်လှစ်ရောင်းချ လျက်ရှိရာ ကိုဗစ်-၁၉ ကာလအတွင်း ကျောက်တလုံးဈေးကြီးအတွင်း စနစ်တကျ ဝယ်ယူရောင်းချ နိုင်စေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက မိမိသတ်မှတ်နေရာအတွင်း ရောင်းချဝယ်ယူနိုင်ရန်နှင့် နှာခေါင်းစည်းမတပ်ဆင်လာသူများအား အသိပညာပေးခြင်းတို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ








