ငါးရစ်ငါးသန်ချိန်ကာလ ငါးမျိုးပြုန်းတီးမှုများမရှိစေရန် အသိပေးနှိုးဆော်စာနှင့် လက်ကမ်းစာစောင်များ ပင်လည်ဘူးမြို့၌ ဖြန့်ဝေ
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတ ဖွံ့ဖြိုးတိုးတက် စေရန်၊ ငါးစားသုံးသူများ အဆင်ပြေစေရန်အတွက် မြို့နယ်အတွင်းရှိ မြစ်၊ ချောင်း၊ အင်းအိုင်များ အတွင်းသို့ ငါးသားပေါက်များကို နှစ်စဉ် အခမဲ့စိုက်ထည့်ပေးလျက်ရှိရာ ငါးရစ်ငါးသန်ချိန် ကာလ၌ ငါးမျိုးပြုန်းတီးမှု မရှိစေရန်နှင့် တရားမဝင် ငါးဖမ်းဆီးမှုများ မရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စည်ပင် သာယာဈေးတွင်းရှိ ငါးဖမ်းယူရောင်းချနေသူများအား အသိပေးနှိုးဆော်စာ ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ








