ရန်ကုန် YMCA ၌ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် မွေးနေ့တော်ညစာစားပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ကလျာဏယုဝ ခရစ်ယာန်အသင်း(YMCA)က ကြီးမှူးကျင်းပသည့်  ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် မွေးနေ့တော်ညစာစားပွဲ အခမ်းအနားကို .................
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေအိမ်၌ ကျင်းပသည့် ခရစ်တော်မွေးနေ့ ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်ဆုံစားပွဲ တက်ရောက်
ခရစ်တော်မွေးနေ့  ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်ဆုံစားပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ နေအိမ်၌ ကျင်းပရာ ..............
ကန့်ဘလူမြို့နယ်တွင် စီးပွားရေးကျွန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
စီးပွားရေးကျွန်းစိုက်ခင်းများ တည်ထောင်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်သူတို့၏ စားဝတ်နေရေးကို အထောက်အကူဖြစ်စေရန်နှင့် စဉ်ဆက်မပြတ် အကျိုးစီးပွားခံစားနိုင်စေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဇင်းကျေးရွာအနီး သော်ကြိုးဝိုင်းတွင် ၂၀၁၉ ခုနှစ် မိုးရာသီက စတင်စိုက်ပျိုးခဲ့သော စီးပွားရေးကျွန်းစိုက်ခင်း အကွက်အမှတ် ၁၄၂ တွင် ကျွန်းစိုက်ဧက ၁၅၀ နှင့် အကွက်အမှတ် ၁၄၃ တွင် ကျွန်းစိုက်ဧက ၄၀ဝ စုစုပေါင်းဧက ၅၅၀ ကိုစိုက်ပျိုးခဲ့ရာ ယခုအခါ စိမ်းလန်းစွာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘက်စုံပြုပြင်ခြင်း ညှိနှိုင်းအစည်းအဝေးနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဘက်စုံပြုပြင်ခြင်း ညှိနှိုင်းအစည်းအဝေးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ဗိုလ်တထောင်စေတီတော်ရင်ပြင်၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။ 
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော် (Shan State Agriculture Symposium) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အင်းခေါင်းကျေးရွာ ဟဲဟိုးဥယျာဉ်ခြံ၌ ကျင်းပသည့် ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော် (Shan State Agriculture Symposium) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားသည်။
ကျိုက်မရောတွင် နေအိမ် ၁၅ လုံး မီးလောင်
မော်လမြိုင်ခရိုင်  ကျိုက်မရော မြို့နယ် လက်ပံကျေးရွာ ကမ်းနားပိုင်းတွင် ယနေ့ နေ့လယ်ပိုင်းက နေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ရှုတိုင်းယဉ်စာပေ၏ စီးပွားရေးလုပ်ငန်းကြီးကြပ်သူများအတွက် စာရင်းအင်းပညာအသုံးပြုခြင်း စာအုပ်မိတ်ဆက်ပွဲနှင့် ဥပဒေစာအုပ်များ လှူဒါန်းပွဲကျင်းပ
ရှုတိုင်းယဉ်စာပေ၏ စီးပွားရေးလုပ်ငန်းကြီးကြပ်သူများအတွက် စာရင်းအင်းပညာ အသုံးပြုခြင်းအတွဲ-၁ Statistical Applications for Business Supervisors Volume-1 စာအုပ်သစ်မိတ်ဆက်ပွဲနှင့် ဥပဒေစာအုပ်များ စာကြည့်တိုက်များသို့ လှူဒါန်းပွဲအခမ်းအနားကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ရွှေဥဒေါင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။