ပျဉ်းမနားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း အာဟာရပြည့် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ ရောင်းချပေးလျက်ရှိ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများအား အာဟာရပြည့် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများကို ရောင်းချပေးလျက်ရှိရာ ယနေ့၊ နံနက်ပိုင်းတွင် အမှတ်(၉၃၅) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ပျဉ်းမနားမြို့၊ အာဟာရသုခဈေးတွင် ထမင်းနှင့် ဟင်းလေးမျိုးပါ တစ်ပွဲကို လေးရာကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်၌ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းနှင့် မြေသားလမ်း တာဘောင်ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် လမ်းဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအနေဖြင့် မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် မြေသားလမ်း တာဘောင်ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလာမှု ကန့်သတ်ထားသည့် ကာလအတွင်း ပြန်လည်မထွက်ခွာနိုင်သေးသည့် ပြည်ပနိုင်ငံသားများအား ကူညီပေးနိုင်ရေးဆောင်ရွက်

မော်လိုက်မြို့၊ စွယ်တော်ရပ်ကွက်၌ ဆောင်ရွက်နေသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ စွယ်တော်ရပ်ကွက်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံနှင့် တမံတည်ဆောက်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
မင်းတပ်ခရိုင်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်)ရန်ပုံငွေဖြင့် ကတ္တရာလမ်း ခင်းခြင်းနှင့် ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
လွိုင်ကော်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်ပျက်စီးသွားသော မိသားစုများအား ထောက်ပံ့ငွေပေးအပ်
ကယားပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လွိုင်ကော်မြို့နယ်ရှိ ကျေးရွာအချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်ပျက်စီးခဲ့သည့် မိသားစုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ  ၁  နာရီခွဲက လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါမူကလားကျေးရွာ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။