ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်  ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ရုံးခွဲ တာဝန်ခံများကို Video Conferencing စနစ်ဖြင့် တွေ့ဆုံ

ဟားခါး၌ မြေဆီလွှာခန်းခြောက်မှု ကာကွယ်ထိန်းသိမ်းရေးနှင့် ရွှေ့ပြောင်းတောင်ယာအစား နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးနိုင်ရန် ကွင်းဆင်းလေ့လာ 
ချင်းပြည်နယ်အတွင်း တောင်ယာများပေါ်တွင် မြေဆီလွှာခန်းခြောက်မှုကို ကာကွယ်ထိန်းသိမ်းရန်နှင့် ရိုးရာရွှေ့ပြောင်း တောင်ယာအစား နှစ်ရှည်စိုက်ပျိုးပင်များဖြစ်သော စပျစ်၊ စတော်ပယ်ရီ၊ ဝဥနှင့် အခြားသော မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးထုတ်လုပ်ရေး လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဟားခါးမြို့၊ မြို့ဟောင်းရပ်ကွက်ရှိ ဟိုင်တလန် စိုက်ပျိုးရေးခြံမှာ ဟားခါးခရိုင် စိုက်ပျိုးရေးမန်နေဂျာ ဦးဟုန်းကီးနှင့် ဝန်ထမ်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် ကျွဲ၊ နွားများအား ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကျွဲ၊ နွားများ ရောဂါဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ဆေး ထိုးပေးခြင်းကို မေလမှစတင်ကာ ကျေးရွာများသို့ သွားရောက်ပြီး ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ညောင်လေးပင်မြို့ အင်းဝိုင်းကျေးရွာရှိ နွမ်းပါးသူများအား စားသောက်ဖွယ်ရာများ လှုဒါန်း
ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ဇမ္ဗူအေးတောရကျောင်းတိုက် (အင်းဝိုင်း) ဆရာတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း၊ ညောင်လေးပင်မြိုနယ်၊ အင်းဝိုင်းကျေးရွာအုပ်စု အတွင်းရှိ ဆင်းရဲနွမ်းပါးသူများအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အင်းဝိုင်းကျေးရွာအုပ်စု၊ ရေကြည်ချောင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
COVID-19 ရောဂါဖြစ်ပွားမှု ခြုံငုံသုံးသပ်မှုအခြေအနေ

(၁၁-၅-၂၀၂၀ ရက်နေ့၊ ညနေ ၆:၀၀ နာရီ)

 

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ၏ သက်တော် (၉၁) နှစ်မြောက် ဝိဇာတမွေးနေ့အကြိုအဖြစ် ချို့တဲ့ပြည်သူများအား အခြေခံစားသောက်ကုန်များလှူဒါန်း
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ၏ သက်တော် (၉၁) နှစ်မြောက် ဝိဇာတမွေးနေ့ အကြိုအဖြစ် တပည့်၊ ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ ချို့တဲ့ပြည်သူများအား အခြေခံစားသောက်ကုန်များ လှူဒါန်းသည့် အစီအစဉ်ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌ ပြုလုပ်သည်။