စစ်ကိုင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင် မေထုံနွားမွေးမြူသူတချို့နွားနို့ရောင်းအားကျဆင်း၍  အခက်အခဲ ဖြစ်ပေါ်လျက်ရှိ
စစ်ကိုင်းမြို့နယ်၊ မြေတိုင်ကျေးရွာရှိ တောင်သူဦးကြီးများသည် မိမိတို့ရဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပြင် တစ်ပိုင်တစ်နိုင် မေထုံနွားများ မွေးမြူ၍ နို့ထမ်းများအပ်ပြီး နွားနို့များညှစ်ကာ မိသားစုစားဝတ်နေရေး အဆင်ပြေအောင် ဆောင်ရွက်လုပ်ကိုင်လျှက်ရှိကြောင်း သိရ
ဖားဆောင်းမြို့ Community Based Facility Quarantine မှ စောင့်ကြည့်ရက် ၂၁ ရက် ပြည့်သူများအား နေအိမ်ပြန်ခွင့်ပြု
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ဧပြီလ ၂၀ ရက်နေ့က မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တောင်ကြီးမှ နေရပ်ပြန်လာသူများအား အခြေခံပညာ အထက်တန်း ကျောင်း ပညာရတနာခန်းမဆောင်တွင် ထားရှိသော Community Based Facility Quarantine တွင် စောင့်ကြည့်ခဲ့ရာ ၂၁ ရက်ပြည့်ပြီးဖြစ်၍ ယနေ့နံနက် ၉ နာရီက ၎င်းတို့နေအိမ် အသီးသီးသို့ ပြန်ခွင့်ပြုကြောင်း သိရ
ကျိုက်မရော ဒေသထွက် ကြက်မောက်သီးနှင့် ကျွဲကောသီးများ အထွက်ကောင်းသော်လည်း ဈေးကောင်းမရ
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် ရာသီပေါ်သီးနှံများဖြစ်သည့် ကျွဲကောသီးနှင့်ကြက်မောက်သီး များ  အထွက်ကောင်းသော်လည်း ကိုဗစ်- ၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေချိန်တွင် အများပြည်သူ ခရီးသွားလာမှု နည်းပါးခြင်း၊ ကုန်စည်စီးဆင်းမှုလုံးဝမရှိခြငိး၊ ရပ်ဝေးခရီးသွားဧည့်သည် အဝင်အထွက် မရှိခြင်းတို့ကြောင့် အရောင်းအဝယ်ကျဆင်းကာ ဈေးကောင်းမရကြောင်း သိရ
ကျောက်ဆည်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ကျား၊ ပိုးလောက်လန်းများ ပေါက်ပွားမှု မရှိစေရေး Abate ဆေးခပ်ခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေး၊ ကလေးလူကြီးမရွေး၊ ကျားမမရွေး ဖြစ်ပွားနိုင်သောကြောင့် ကျောက်ဆည်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ကျား၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရေး Abate ဆေးခပ်ခြင်းနှင့် အသိပညာပေးခြင်းများကို မေလ  ၁၁ ရက် နံနက် ၉ နာရီက တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ
အောင်လံမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်းဖောက်လုပ်မှု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ဘောလခဲခရိုင်တွင် ကိုဗစ်-၁၉ရောဂါ  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ