ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနှင့်အတူ မိုးမကျမီ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ အရှိန်အဟုန်​မြှင့် ဆောင်ရွက်

သောက်သုံးရေပြတ်လပ်သည့် ကျေးလက်ဒေသများကို သောက်သုံးရေဖြန့်ဖြူး၊ လက်ဆေးဘေစင်များ တည်ဆောက်ပေး

နေပြည်တော်  ၁၁ မေ

 

Doing Business ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး Video Conferencing စနစ်ဖြင့် ကျင်းပ
Doing Business ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေတိုင်း(၄) ဦးမင်းမင်းလတ်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
တောင်တွင်းကြီးမြို့နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရေး လျှောက်ထား ခြင်းနှင့်စပ်လျဉ်း၍ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ ငွေကြေးပေးအပ်ခဲ့ရခြင်းအပေါ် အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
မြစ်သားမြို့နယ်တွင် ဘောင်ဖြင့်စိုက်ပျိုးသည့် နှမ်းဖြူများ ဈေးကောင်းရရှိ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ဘောင်ဖြင့်စိုက်ပျိုးထားသည့် နှမ်းဖြူများ ယခုနှစ်တွင် တစ်တင်းလျှင် ရှစ်သောင်းကျပ်ဝန်းကျင်ဖြင့် ဈေးကောင်းရရှိလျက်ရှိသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပြည်သူများ ရေပြတ်လပ်မှု မရှိစေရေး ကမ္ဘောဇဘဏ်က ရေသယ်ယာဉ်သစ်များ ဆက်လက်လှူဒါန်း