ပဲတီစိမ်းစိုက်တောင်သူများ (GAP & GHP) နည်းစဉ်များအတိုင်း စိုက်ပျိုးနိုင်စေရေး တောင်သူပညာပေးသင်တန်း သုံးခွမြို့၌ ပို့ချ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မဟာအတုလဝေယံ သာသနာ့ဗိမာန်တော်ကြီးတွင် (၂၀၁၉-၂၀၂၀)ရာသီ ပဲတီစိမ်းစိုက်တောင်သူများအတွက် (GAP & GHP) နည်းစဉ်များအတိုင်း စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ တောင်သူပညာပေးသင်တန်းကို ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲက ကျင်းပရာ တောင်သူဦးကြီး (၅၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။