စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  သဘာဝဘေးဒဏ်သင့် ကျေးရွာများသို့ ဦးစားပေးစနစ်ဖြင့် ဝါးမျိုးစေ့ အထုပ်များ ဖြန့်ဝေပေးရန် စီစဉ်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်အများဆုံးခံစားရသော ကျေးလက်ဒေသများတွင် လေကာပင်များအဖြစ် စိုက်ပျိုးနိုင်ရေး ဝါးမျိုးစေ့အထုတ်များ ဖြန့်ဝေပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝါးနှင့်သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအသင်း ဥက္ကဋ္ဌ ဦးသန့်ဇင်ထံမှ သိရ
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် စေတုတ္တရာမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ ရောက်ရှိလာသော တိုက်ပွဲရှောင်မိသားစုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်) ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် စေတုတ္တရာမြို့နယ်အတွင်းသို့ ပြောင်း‌ရွှေ့ ရောက်ရှိလာသော တိုက်ပွဲရှောင်မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပ
ဒီပဲယင်းမြို့နယ်၌ ပြည်ပမှပြန်လာသူ လူ ၁၃၂ ဦးအား ၁၄ ရက် သီးခြားစောင့်ကြည့်သည့် နေရာများသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
ဒီပဲယင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်စေရေးအတွက် ပြည်ပမှပြန်လာသူ လူ ၁၃၂ ဦးအား ၁၄ ရက် သီးခြားစောင့်ကြည့်သည့် နေရာများသို့ ယနေ့နံနက်ပိုင်းတွင် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရ
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်(ပန်းဆိုးတန်း-ဒလ) နှင့် ဝါးတန်း-ဒလ ကူးတို့လမ်းတို့အား  ခေါက်ရေလျှော့ပြေးဆွဲသွားမည်
မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော် ရုံးပိတ်ရက်ကာလအတွင်း၌ ရန်ကုန် (ပန်းဆိုးတန်း/ဒလ) ကူးတို့ ရေယာဉ်  ချယ်ရီသင်္ဘောများအပါအဝင် ဝါးတန်း-ဒလ ကားကူးဇက် ကူးတို့လမ်း၊ ရန်ကုန်-ခနောင်တို ကူးတို့လမ်း၊ ရွှေလောင်း-မြေနု ကူးတို့လမ်းနှင့် ဝါးခယ်မ-ထော်ကနွက် ကူးတို့လမ်းတို့အား  ခေါက်ရေလျှော့ ပြေးဆွဲသွား မည်ဖြစ်ကြောင်း၊ ရေကြောင်းခရီးဖြင့် သွားလာနေကြသော ဒေသခံ ပြည်သူများနှင့် အနယ်နယ် အရပ်ရပ်ရှိ မိဘပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး ၊ လုံခြုံရေးနှင့် ကျန်းမာရေးတို့အတွက် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)  မှ သိရ
ကျောက်တံခါးမြို့နယ်တွင် အသံချဲ့စက်များဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် စောင့်ရှောက်ရေး အသိပေးနှိုးဆော်
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများ၊ လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များကို ကျောက်တံခါးမြို့ပေါ် (၅)ရပ်ကွက်အတွင်းရှိ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ ည(၉)နာရီက လိုက်လံအသိပေးနှိုးဆော်ခဲ့
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ ဌာနဆိုင်ရာများနှင့် ကျေးရွာများသို့ သန့်ရှင်းရေးသုံးပစ္စည်းများ လှူဒါန်း
ကိုဗစ်-၁၉ ရောဂါ  ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်း ရှင်များအသင်း (စစ်ကိုင်း)မှ ဌာနဆိုင်ရာများနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သန့်ရှင်းရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဧပြီ(၅)ရက်၊ နံနက်ပိုင်းက အမှတ်(၁၀၅) ယာဉ်ထိန်းရဲတပ်ဖွဲ့ (စစ်ကိုင်း)ရုံးတွင် ပေးအပ်လှူဒါန်းခဲ့
လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး၊ နှစ်ထပ်ဈေး၊ နောင်ယားဈေး တို့တွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်
ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး ၊ နှစ်ထပ်ဈေး ၊ နောင်ယားဈေး တို့တွင် ဧပြီလ ၅ ရက်နေ့ ၊ နံနက် ၉ နာရီမှ စတင်ပြီး လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ရှိသူများ ၊ ဖေးကူလက်များပရဟိတ ၊ လင်းမေတ္တာပရဟိတ ၊ ဝစ္စကုဋီပရဟိတအဖွဲ့ နှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က ၊  ဈေးအတွင်း ၊ ဈေးအပြင် ၊ လမ်းမများ ၊  ဈေးဆိုင်ခန်းတို့အား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ဈေးပိတ်ရက်တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ