ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ် နမ့်မွန်ကြီးရေတံခွန်နှင့် ပြင်ဦးလွင်မြို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ဧပြီ ၄ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ရှိ နမ့်မွန်ကြီးရေတံခွန်သို့ သွားရောက်ကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ခရီးသွား ဧည့်သည်များသွားလာမှု ကန့်သတ်ထားစဉ်ကာလအတွင်း ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။








