ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ယာကြီး-ကလေးဝလမ်းနှင့် မင်းကင်းမြို့နယ်အတွင်းရှိ ကျေးလက်လမ်း (၂)လမ်းအား ကြည့်ရှုစစ်ဆေး 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ဧပြီ ၅ ရက်တွင် အိန္ဒိယနိုင်ငံ အကူအညီဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသော ယာကြီး-ကလေးဝ လမ်းစီမံကိန်းအား ကြည့်ရှုစစ်ဆေးသည်။
ကမ်းရိုးတန်းသွား ရေယာဉ်များနှင့် မြစ်ဝကျွန်းပေါ် ရေယာဉ်များပြေးဆွဲမှုကို မဟာသင်္ကြန်ရုံးပိတ်ရက်များတွင် ယာယီရပ်နားမည်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအောက်ရှိ ကမ်းရိုးတန်းသွား ရေယာဉ်များနှင့် မြစ်ဝကျွန်းပေါ်ရေယာဉ်များ ပြေးဆွဲမှုကို မဟာသင်္ကြန် နှစ်သစ်ကူးရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၁၀ ရက်မှ ၂၀ ရက်အထိ ယာယီရပ်နားသွားမည်ဖြစ်ပြီး မဟာသင်္ကြန်ပြီးပါက သတ်မှတ်ရက်အလိုက် ပြန်လည်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအတွင်း မြိတ်မြို့သို့ ဆိုက်ရောက်ထွက်ခွာလျက်ရှိသည့် ခရီးသည်တင်ယာဉ်များ ရပ်နားမည် 
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ဆိုက်ရောက်ထွက်ခွာလျက်ရှိကြသော ခရီးသည်တင်ယာဉ်လိုင်းများ အားလုံးကို မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလအတွင်း ခရီးသည်တင်ပြေးဆွဲခြင်းအား ရပ်နားထားရန် မြိတ်မြို့နယ် ပုဂ္ဂလိက ယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ယနေ့တွင် အသိပေးထားကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စာကြည့်တိုက်သို့ စားငှား၊ စာဖတ်လာရောက်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး စစ်ဆေးပေး
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ စားငှား၊ စာဖတ်လာရောက်သည့် ပြည်သူများအား အပူချိန်တိုင်းကိရိယာဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးကြောင်း သိရသည်။ 
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အများပြည်သူများမှ အလှူငွေများ ထည့်ဝင်လှူဒါန်းမှုစာရင်း

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic)အဖြစ် ထုတ်ပြန်ထားသော Coronavirus Disease 2019 (COVID-1

ဗန်းမော်မြို့နယ် ကျေးရွာအချို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးစခန်းများရှိ ပြည်သူများအား တာဝန်ရှိသူများ တွေ့ဆုံအားပေး
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး အတွက် စောင့်ကြည့်ရေးစခန်းများမှ ပြည်သူများအား တွေ့ဆုံအားပေးခြင်းနှင့် ပိုးသတ်ဆေး ပက်ဖျန်းပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ဝန်းသိုမြို့နယ် ပုတိမ်ကုန်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်းများပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ပုတိမ်ကုန်းကျေးရွာ၌ ကျေးလက်နေပြည်သူများ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရရှိရေးလုပ်ငန်းဖြစ်သည့် ၄ လေးမ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် တူးဖော်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။