ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ ရေတာရှည်မြို့နယ်အတွင်း ကိုဗစ် - ၁၉ရောဂါကြိုတင်ကာကွယ်ရေး အထောက်အပံ့ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးသည် ဧပြီ    ၆ရက် ညနေ ၄ နာရီခွဲက ရေတာရှည်မြို့နယ် ကိုဗစ် - ၁၉ ရောဂါ စောင့်ကြည့်ရေးစခန်းဖြစ်သည့် အ.ထ.က (ရေတာရှည်) တွင်  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍   ရေတာရှည်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသစ်ကို မဟာသင်္ကြန်ရက်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချမည်
ရန်ကုန်မြို့၊ သီရိမင်္ဂလာဈေးသစ်ကို မဟာသင်္ကြန်ရက်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း ယင်းဈေး တာဝန်ခံ ဦးအောင်လင်းဦးက ပြောကြားသည်။ 
ကိုဗစ်-၁၉  ရောဂါကြောင့့် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖရဲ၊ သခွား ကုန်တင်ကားများ ဝမ်တိန်ဘက်တွင် သွားရောက်ရောင်းချနေရ
ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်ဝယ်လက်များ မလာသဖြင့် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖရဲ၊ သခွား ကုန်တင်ကားများ ဝမ်တိန်ဘက်တွင် သွားရောက်ရောင်းချနေရကြောင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံ ကုန်စည်ဒိုင်မှ ဒုဥက္ကဋ္ဌ ဦးအောင်သက်ဦးက ဧပြီ ၆ ရက်တွင် ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး COVID-19 Clinical Management အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များဆွေးနွေး
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီ ၄ ရက် ညနေပိုင်းတွင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ရှိ Medical Skill, Simulation and Research Center ၌ ဆေးတက္ကသိုလ် (၁) နှင့် ဆေးတက္ကသိုလ် (၂)မှ ဆေးပညာ ပါမောက္ခ/ဌာနမှူး၊ အရေးပေါ်ဆေးပညာ ပါမောက္ခ/ဌာနမှူး၊ အပူပိုင်းဆိုင်ရာ ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သော COVID-19 Clinical Management အဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီးအချို့နှင့်တွေ့ဆုံ၍  ကိုဗစ်-၁၉ လူနာများ ကုသမှုကုထုံးဆိုင်ရာ၊ လူနာအဆင့် ခွဲခြားမည့်ပုံစံ၊ ရောဂါပျံ့နှံ့မှု ဆိုင်ရာ ကိစ္စရပ်များဆွေးနွေးသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ COVID-19 အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်များဖြင့် စာအုပ်စာစောင်များ လှည့်လည် ငှားရမ်းပေးမှုနှင့်အတူ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ပြည်သူများသိရှိလိုက်နာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်  Mahar Mobile Application မှ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကား နှစ်ထောင်ကျော် တစ်လတာ အခမဲ့ ပြသမည့်ကိစ္စ တွေ့ဆုံဆွေးနွေး
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ABC Content Solution Co.,Ltd (Mahar Mobile Application)မှ တာဝန်ရှိသူများနှင့် ယနေ့ညနေပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ယင်းကုမ္ပဏီမှ  ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကား နှစ်ထောင်ကျော် တစ်လတာ အခမဲ့ ပြသမည့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးသည်။
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၆-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COV