ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  (ပျံကျ) ဈေးသည် ၂၀ဝ ကျော်အား ယာယီ  နေရာခွဲထုတ် ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအား ကြိုတင် ကာကွယ်သည့်အနေဖြင့် မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်၊ ကုန်ခြောက် အပါအဝင်  (ပျံကျ) ဈေးသည် ၂၀ဝ ကျော်အား ဧပြီ ၄ ရက်နေ့ နံနက်မှ စကာ  နေရာ ခွဲထုတ် ရောင်းချ လျက်ရှိ
မန္တလေးတိုင်းဒေသကြီးအတွင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ MGH ကုတင် (၃၀ဝ) ကလေး ဆေးရုံအတွင်း၊ ၆၃လမ်း ၆၄လမ်း လမ်း၃၀ လူမူဝန်ထမ်းဦးစီးဌာနရုံး၊ ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး ဂေဟာ၊ မတ္တရာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဆုတောင်းပြည့် မြို့ဒေါင့် ရွှေဂူဘုရား၊ မိုးကုတ်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ အရှေ့ခြမ်း၊ တံတားဦးမြို့နယ်၊ စကားအင်း အမြန်လမ်း ရဲစခန်း၊ နွားထိုးကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၊ စိန်ရွှေမန်း (စက်သုံးဆီ ရောင်းဝယ်ရေး)၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ စဉ့်ကိုင်မြို့နယ်၊ ရှမ်းကန်ကျေးရွာအတွင်းရှိ လူနေအိမ်ဝိုင်း များအတွင်းနှင့် ရွာလမ်းများ၊ ရမည်းသင်းမြို့နယ်၊ မူလသိမ်ဦးဘုန်းကြီးကျောင်းတို့တွင် COVID 19 ရောဂါကြိုတင် ကာကွယ်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးမှူးများ ဦးဆောင်၍ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက  ဆောင်ရွက်ခဲ့ကြကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရ
ကျောင်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက်  ရန်ပုံငွေပေးအပ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးသည် ယနေ့ နံနက်ပိုင်းက  ကျောင်းကုန်းမြို့နယ်သို့ ရောက်ရှိ၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်း ကော်မတီအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့
မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံးကြီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက်  အလှူငွေနှင့် PPE ဝတ်စုံ၊ MASK များ ပေးအပ်လှူဒါန်း 
မိတ္ထီလာမြို့ အထွေထွေရောဂါကုသဆေးရုံးကြီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အလှူငွေနှင့်  PPE ဝတ်စုံ၊ MASK များကို   ဧပြီလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က  အဆိုပါ ဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင်   ပေးအပ်လှူဒါန်းခဲ့ကြောင်း
ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြိတ်ခရိုင် ကိုဗစ်-၁၉ကာကွယ်ရေး အရပ်ဖက်ပူးပေါင်းကော်မတီဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းကာ ဧပြီလ (၄) ရက်နေ့ နံနက်(၉)နာရီက ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရ
တောင်ဥက္ကလာပမြို့နယ်၌ We Love South Okkoalapa အဖွဲ့မှ  စားသောက်ကုန်များအား ပြည်သူများထံ အရောက် ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေး
တောင်ဥက္ကလာပမြို့နယ်၌ We Love South Okkalapa အဖွဲ့မှ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်မှုပြုနိုင်ရေး ပြည်သူများအား ကူညီသည့်အနေဖြင့် ဧပြီ ၄ ရက် မွန်းလွဲပိုင်းမှ စတင်ကာ စားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရပ်ကွက်များအတွင်း လိုက်လံရောင်းချပေးခဲ့ကြောင်း သိရ
မန္တလေးခရိုင်အတွင်းရှိ ရဟန်း၊ သာမဏေ နှင့် သီလရှင် ၄၈၅၉၂ ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ်လှူဒါန်း
အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ရဟန်းတော်များ၊ဆွမ်း၊ ခဲဖွယ်ဘောဇဉ် တို့အတွက် အခက်အခဲမဖြစ်စေရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မန္တလေးခရိုင် အတွင်းရှိရဟန်း၊ သာမဏေနှင့် သီလရှင် ၄၈၅၉၂ ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ်လှူဒါန်းပွဲကို ဧပြီ ၄ ရက် မွန်းလွဲ ၃ နာရီက မန္တလေးမြို့တော်ခန်းမတွင် ကျင်းပ