မယ်စဲ့မြို့နယ် စစ်ဆေးရေးဂိတ်နှစ်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ မြို့နယ်အတွင်း ကူးစက်မှု မဖြစ်ပွားစေရေးအတွက် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နမ့်မန်းစစ်ဆေးရေးဂိတ်နှင့် မယ်ဆည်နမ်စစ်ဆေးရေးဂိတ် နှစ်ဂိတ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရ








