မိတ္ထီလာမြို့ ကမ်းလင့်မယ့်လက်များ ပရဟိတသွေးအလှူရှင်အသင်းမှ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့်  မြစိမ်းတောင်ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေများ လှူဒါန်း

မိတ္ထီလာမြို့ ကမ်းလင့်မယ့်လက်များ ပရဟိတသွေးအလှူရှင်အသင်းမှ သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေသည့် လဲတောကျေးရွာ မြစိမ်းတောင်ဘုန်းတော်ကြီးကျောင်းသို့ ယနေ့နံနက်က သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အိမ်မဲမြို့နယ်ပြည်သူ့ဆေးရုံက ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်နိုင်ရန် Bleaching Powder ပိုးသတ်ဆေးများဖြန့်ဝေပေး
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်ပြည်သူ့ဆေးရုံမှ ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်နိုင်ရန် အတွက် ဌာနဆိုင်ရာများသို့ Bleaching Powder ပိုးသတ်ဆေးများကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။
ဒီးမော့ဆိုမြို့နယ်တွင် နွေစပါးများ စိုက်ပျိုးလျက်ရှိပြီး စံပြကွက်၊ စမ်းသပ်ကွက်များ ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအား ပံ့ပိုးပစ္စည်းများ ပေးအပ်လျက်ရှိ
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးချိန် ငွေတောင်ဆည် အပါအဝင် ဆည်ကန်ရှစ်ခုနှင့် လျှပ်စစ်ရေတင်စနစ် တစ်ခုတို့မှ ပေးဝေသောရေဖြင့် နွေစပါးများကို မတ်လ ဒုတိယပတ်စ၍ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိသည်။
COVID-19 နှင့်ပတ်သက်၍ ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ၏ အသိပညာပေးနှိုးဆော်ရေးအစီအစဉ်
ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုသည် မြန်ဆန်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံ၌ အစိုးရအဖွဲ့အစည်းများက ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ‌ဒေသများရှိ အရပ်ဘက် အဖွဲ့အစည်းများက ကျန်းမာရေးအသိပညာပေး နှိုးဆော်ရေးအစီအစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။ ထို့အတူ ရုပ်ရှင်၊ ဂီတ အနုပညာရှင်များကလည်း COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်ရေး အစီအစဉ်တွင် ပါဝင်ခဲ့ကြ
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၉-၃-၂၀၂၀) ရက်နေ့၊ ည (၁၀:၃၀) နာရီ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂၉-၃-၂၀၂၀) ရက်နေ့၊ ည (၉:၀၀) နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အ

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၉-၃-၂၀၂၀) ရက်နေ့၊ ည

မြောင်းမြ၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ခရီးသည်တင် မော်တော်ယာဉ်များတွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်
မြောင်းမြတွင် (COVID-19) ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ခရီးသွားပြည်သူများ ရောဂါပိုးကူးစက်မှု မရှိစေရေးအတွက် ခရီးသည်တင် မော်တော်ယာဉ်များတွင် ပိုးသတ်ဆေးဖျန်းရာ မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင့်တင့်ကျော် တို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၉-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ