ပြည်တွင်းစားသုံးမှု များပြားလာခြင်းကြောင့် ကုလားပဲများ ရောင်းအားမြင့်တက်လာသော်လည်း ပုံမှန်ဈေးနှုန်း အတိုင်းသာ ရောင်းချလျက်ရှိ

COVID-19 ရောဂါဂယက်ကြောင့် ပြည်တွင်း၌စားသုံးရန် ဝယ်ယူမှုများပြားလာသည့်အတွက် ကုလားပဲများ စျေးကွက်အတွင်း ရောင်းအားသိသာစွာ မြင့်တက်လျက်ရှိသော်လည်း ပုံမှန်ဈေးနှုန်းအတိုင်းသာ ရောင်းချလျက်ရှိကြောင်း မန္တလေးမြို့ ပဲကုန်သည်များထံမှ သိရသည်။
ကျွန်းစုမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် Facility Quarantine ပြုလုပ်မည့်နေရာအား စုပေါင်းသန့်ရှင်းရေးပြုလုပ်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် Facility Quarantine ထားရှိမည့်နေရာအား စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
သက္ကယ်ကျင်းကျေးရွာရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ၉၅ ရာခိုင်နှုန်းပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ် တတိယ နှစ်စက်ဝန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သက္ကယ်ကျင်းကျေးရွာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း  သိရသည်။ 
COVID-19 ကာကွယ်ရေးအတွက် လွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်တို့တွင် Facilities Quarantine ထားရှိသည့် နေရာများအား ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
COVID -19 ရောဂါကာကွယ်ရေးအတွက်  လွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်တို့တွင် Facilities Quarantine ထားရှိသည့် နေရာများအား ယနေ့ နံနက်ပိုင်းက  ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် ဧည့်လမ်းညွှန်အမျိုးသမီးနှင့် ထိတွေ့ခဲ့သူများအား သီးခြားထားခြင်းနှင့် စားသောက်ဆိုင်များအား ဆေးဖြန်းခြင်းများဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသသို့ ရောက်ရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ COVID-19 ရောဂါပိုး တွေ့ရှိသူအသက် ၆၀ နှစ် ဧည့်လမ်းညွှန် အမျိုးသမီး နှင့် ထိတွေ့ခဲ့သူများအား သီးခြားခွဲထားခြင်းနှင့် စားသောက်ဆိုင် (၄) ဆိုင်၊ မော်တော်ယာဉ်၊ စက်လှေ၊ မြင်းလှည်းတို့အား မတ် ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ကာ ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်မြို့နယ်တွင် ပြည်ပမှ ပြန်လာသူများအား COVID-19 ရောဂါစောင့်ကြည့်ရေးအတွက်  စီစဉ်ထားသည့် စောင့်ကြည့်ရေးစခန်းများသို့ ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး လာရောက်ကြည့်ရှု
ပြည်မြို့နယ်တွင် ပြည်ပမှ ပြန်ရောက်လာသူများအား COVID-19 စောင့်ကြည့်ရေးအတွက် သူနာပြု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသော စောင့်ကြည့်ရေးစခန်းသို့ ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦး လာရောက်ကြည့်ရှုခဲ့ပြီး စောင့်ကြည့်ရေးစခန်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်၊ ဦးကျော်ဇေယျတို့နှင့် တွေ့ဆုံခဲ့ကာ COVID-19 စောင့်ကြည့်ရေးစခန်းအတွက် အလှူငွေ ပေးအပ်လှူဒါန်းခဲ့ပြီး စခန်း၏ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
COVID-19 ရောဂါ  ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ဝါးခယ်မမြို့မစျေးတွင် ပိုးဆေးဖြန်းခြင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း COVID-19 ရောဂါ  ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်သည့် အနေဖြင့် မြို့မစျေးအတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ကျန်းမာရေး အထောက်အကူပြုအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းပြီး မြို့မစျေးအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများအား ယနေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။