ဖလမ်းမြို့ရှိ စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု ၁၇၇ စုအား ဆန်များအခမဲ့ဖြန့်ဝေပေး
ဖလမ်းမြို့ရှိ စားဝတ်နေရေးခက်ခဲသော ပြည်သူများအား မတ် ၃၀ ရက် နံနက်ပိုင်းမှစ၍ မိုးလုံလေလုံအားကစားခန်းမ၌ ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင် (CRCDF) အဖွဲ့က ဆန်များ အခမဲ့ဖြန့်ဝေပေးသည်။







