ဒလမြို့နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်သော ECG စက်နှင့် Patient Monitor စက် ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်သော ECG စက်နှင့် Patient Monitor စက် ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်မြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသော ကျောင်းသား၊ ကျောင်သူများကို စာရေးကိရိယာနှင့် သောက်ရေသန့်များ အခမဲ့ ဝေငှ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ စာစစ်ဌာန(၃)ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသော ကျောင်းသား၊ ကျောင်သူများကို စိန်သာ အိမ်၊ ခြံ၊ မြေနှင့် အထွေထွေအကျိုးဆောင် ကုမ္ပဏီလီမိတက်မှ စာရေးကိရိယာနှင့် သောက်ရေသန့်များ အခမဲ့ ဝေငှလျက်ရှိသည်။
သာဓုကန်စက်မှုဇုန်မှ ပြည်တွင်းဖြစ် KSD စွမ်းအင်သစ် မော်တော်ကားများ စတင်ထုတ်လုပ်
ရန်ကုန်မြို့  ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်မှ ပြည်တွင်းဖြစ် KSD စွမ်းအင်သစ် မော်တော်ကားများ စတင်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ပုသိမ်မြို့တွင် COVID - 19 နှင့်ပတ်သက်၍ ပြည်သူများကို အသိပညာပေး
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ယနေ့နံနက်ပိုင်းက COVID-19 အသိပညာပေး ပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်/ လက်ဆေးဆပ်ပြာ ဖြန့်ဝေခြင်း၊ လက်ဆေးနည်း အသိပညာပေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နွေရာသီအားကစားသင်တန်းများ ရပ်နား
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားအဖွဲ့ချုပ်များ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အားကစားသင်တန်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးဖွင့်လှစ်သည့် နွေရာသီဘောလုံးသင်တန်းများကို ကမ္ဘာ့နိုင်ငံများတွင်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် လုပ်ငန်းကော်မတီများဖွဲ့စည်းနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ တက်ရောက်အမှာစကားပြောကြား
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် လုပ်ငန်းကော်မတီများဖွဲ့စည်းနိုင်ရေး တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ တက်ရောက်အမှာစကား ပြောကြားသည်။
မန္တလေးမြို့တွင် ဖွင့်လှစ်မည့် အခြေခံပညာအဆင့် Grade-4 နှင့် Grade-7 သင်ရိုးသစ်သင်တန်းများအား Covid-19 ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် ခေတ္တရပ်ဆိုင်း
မန္တလေးမြို့တွင် မတ်လနှင့် ဧပြီလအတွင်း ဖွင့်လှစ်မည့် အခြေခံပညာအဆင့် Grade-4 နှင့် Grade-7 သင်ရိုးသစ်သင်တန်းများအား Covid-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ခေတ္တရပ်ဆိုင်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။