ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ် ကျောက်တစ်လုံး IDP စခန်း ပိတ်သိမ်းရေး ကွင်းဆင်းဆောင်ရွက်မှုများ အွန်လိုင်းဖြင့် ဆက်သွယ်ဆွေးနွေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ညနေပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDP စခန်းပိတ်သိမ်းနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ကို အွန်လိုင်းဖြင့် ဆက်သွယ်ဆွေးနွေးသည်။
ဒုတိယဝန်ကြီး ဦးလှကျော် အမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေးတက်ရောက်
အမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ (NPSC) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း GEGG Myanmar ၏ Founder and Honorable Patron ဒေါက်တာနေထွန်းနှင့် တွေ့ဆုံ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Green Economy Green Growth - GEGG Myanmar ၏ Founder and Honorable Patron ဒေါက်တာနေထွန်းကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေးတက်ရောက်
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၆/၂၀၂၀)ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မန္တလေး ကန်တော်နဒီဆေးရုံတွင် သေဆုံးသွားသည့် အမျိုးသမီးစောင့်ကြည့်လူနာနှင့် ပတ်သက်၍ (COVID-19) ရှိ/မရှိ ဓါတ်ခွဲအဖြေရမှသာ အတည်ပြုထုတ်ပြန်သွားမည်
မန္တလေး ကန်တော်နဒီဆေးရုံတွင် ယနေ့နံနက်ပိုင်းက သေဆုံးသွားသည့် အမျိုးသမီးစောင့်ကြည့်လူနာနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာန (NHL)မှ အဖြေရမှသာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရှိ/မရှိ အတည်ပြု ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးထံက သိရသည်။
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် မြန်မာနိုင်ငံတွင် အားကစားခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးပွဲ တက်ရောက်
မြန်မာနိုင်ငံတွင် အားကစားခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။