ဘုရားသုံးဆူမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့်ပတ်သက်၍ စစ်ဆေးမှုများဆောင်ရွက်

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ထိုင်း-မြန်မာနယ်စပ် (Check point)တွင် ကိုရိုနာဗိုင်ရပ်စ် (Covid-19) နှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်နေမှုများကို ယနေ့ နံနက် ၆ နာရီမှစတင်၍ ဘုရားဖူးဧည့်သည်များ၊ အလုပ်သမားများ၊ နေရပ်ပြန်ပြည်သူများအား ရောဂါပိုးရှိ မရှိ အပူချိန်တိုင်းကရိယာဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့
လှည်းကျွန်းဝကျေးရွာ၌ သွားလာရေး ခက်ခဲသောကြောင့် ကိုယ်ထူကိုယ်ထ မြေသား ကျောက်ခင်း လမ်းများခင်း
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ လှည်းကျွန်းဝ ကျေးရွာတွင် လမ်းပန်းသွားလာရေး ခက်ခဲသောကြောင့် ကိုယ်ထူကိုယ်ထ မြေသားကျောက်ခင်း လမ်းခင်းသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ရေဦးမြို့နယ်၌ လယ်ယာမြေဧက (၁၀ဝ၀)ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ဖန်ခါးစဉ်ကျေးရွာတွင် လယ်ယာမြေဧက (၁၀ဝ၀)ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား(၂)စင်းကို ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက် ရှိကြောင် ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ
မိုးမောက်မြို့မဈေးအတွင်း အစားအသောက်များ၊ အလှကုန်ပစ္စည်းများ၊  တားမြစ်ဆေးဝါးများ ရောင်းချမှုရှိ မရှိ စစ်ဆေး
ကချင်ပြည်နယ် မိုးမောက်မြို့မဈေးတွင် ရောင်းချလျက်ရှိသော အစားအသောက်များ၊ အလှကုန် ပစ္စည်းများ၊  တားမြစ်ဆေးဝါးများ ရောင်းချမှုရှိ မရှိ စစ်ဆေးခြင်းတို့ကို ယနေ့ နံနက် ၇ နာရီက ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကာကွယ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင် များက စစ်ဆေးခဲ့ရာ သက်တမ်းလွန်ဆေးဝါးများနှင့် ဟင်းသီးဟင်းရွက်များတွင် ဓာတုဗေဒဆေးများ သုံးစွဲရောင်းချခြင်း မရှိကြောင်း သိရ
ကော့သောင်းမြို့ သူဌေးကျွန်းဟိုတယ်တွင် COVID-19 သံသယရှိသူ တစ်ဦးတွေ့ရှိ ဆိုသည့် သတင်းမှာ ကောလာဟလ သာဖြစ်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ သူဌေးကျွန်းပေါ်ရှိ ကြယ်ငါးပွင့်အဆင့် Grand Andaman Hotel  တွင် ယမန်နေ့ မွန်းလွဲပိုင်းက COVID-19 သံသယရှိသူတစ်ဦး တွေ့ရှိသည် ဆိုသည့် လူမှုကွန်ရက် စာမျက်နှာတစ်ချို့တွင်    ပြန့်နှံ့ခဲ့သည့် သတင်းမှာ   ကောလာဟလ သတင်းသာ ဖြစ်ကြောင်း သိရ
တက္ကသိုလ်ဝင်စာမေးပွဲ  ရူပဗေဒဘာသာရပ် တနင်္သာရီမြို့နယ်၊ စာစစ်ဌာန(၄)ခု၌ ကျောင်းသူ/ ကျောင်းသား (၁၇၀၆)ဦး စိတ်အေးချမ်းစွာဖြေဆိုခဲ့ကြ
၂၀၂၀ ပြည့်နှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ ၊ ရူပဗေဒဘာသာရပ်တွင်  တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် မတ်လ ၁၇ ရက် နံနက် ၉ နာရီမှ ၁၂ နာရီ  အထိ၊ အတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုရန်  စာရင်းရှိကျောင်းသူ/ကျောင်းသား(၁၈၄၉)ဦးအနက်၊ (၁၇၀၆)ဦး ဖြေဆိုကြပြီး၊ (၁၄၃)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့သဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၉၂ ဒသမ ၂၇)ဖြစ်ကြောင်း သိရှိရ
ကောလင်းမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေးအသိပညာပေး နံရံကပ်ပြဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်းများဖြန့်ဝေ
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ(COVID-19)နှင့်ပတ်သက်၍ ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19)ကာကွယ်ရေး အသိပညာပေး နံရံကပ်ပြဘုတ်များစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်းများဖြန့်ဝေခြင်းများကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရ