2019 Novel Coronavirus (2019-nCoV) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ရေးနှင့် စောင့်ကြပ်ကြည့်ရှုကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
2019 Novel Coronavirus (2019-nCoV) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် စောင့်ကြပ်ကြည့်ရှုကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မတ် ၁၆ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။
မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီမှ လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီမှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ပထမအရစ် (၄၀)ရာခိုင်နှုန်းပေးအပ်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀ဝ၀)မှ ပထမအရစ် (၄၀)ရာခိုင်နှုန်းပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မတ်လ ၁၆ ရက်နေ့ နံနက် ၁၀နာရီ အချိန်က ကျင်းပခဲ့သည်။
ပင်လောင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
နိုင်ငံတကာတွင် ဖြစ်ပွားနေသည့် COVID-19 ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်မှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် မတ် ၁၆ရက် နံနက် ၁၁နာရီအချိန်က ကျင်းပခဲ့သည်။
ကယားဖူးနှစ်ခြင်းအသင်းတော် ဓမ္မသဘင်ပွဲအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဘာသာ၊ သာသနာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တတ်စွမ်းသမျှ ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိရာ ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်တို့က ကယားဖူးနှစ်ခြင်း အသင်းတော်အဖွဲ့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၃၆) ကြိမ်မြောက် ဓမ္မသဘင်နှင့် သင်းလုံးကျွတ်အစည်းအဝေး ပြုလုပ်ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေကျပ်သိန်း (၂၀) အား ကယားဖူးနှစ်ခြင်းအသင်းတော် သိက္ခာတော်ရဆရာတော် ခူးရယ်ကျော်ထူးနှင့် တာဝန်ရှိသူထံ ထောက်ပံ့ပေးခဲ့သည်။
ထာဝရငြိမ်းချမ်းရေးစေတီတော် ပရိဝုဏ်အတွင်း စကျင်တာရာဇိုခင်းကျင်းခြင်းလုပ်ငန်းအတွက် အလှူငွေပေးအပ်ပွဲကျင်းပ
ထာဝရငြိမ်းချမ်းရေးစေတီတော်၌ ဘုရားဖူးပြည်သူများ အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် စေတီတော်ရင်ပြင်တော်နှင့် ဂန္ဓကုဋိတိုက်တို့တွင် စကျင် တာရာဇိုခင်းခြင်းလုပ်ငန်းအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။