ဆိပ်ဖြူမြို့နယ်တွင် ကလေးသူငယ်ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ၊ ဆိပ်ဖြူမြို့နယ်တွင် ဝေါလ်ဗီးရှင်းမြန်မာ ဆိပ်ဖြူမြို့နယ်ရုံးက ကလေးသူငယ်များ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်များ ကာကွယ်စောင်ရှောက်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို မတ်လ ၁၂ ရက်နေ့ နံနက်၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  (Community Centre)တွင် ပြုလုပ်သည်။
(၂၆)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအတွင်းရေးမှူးများ အစည်းအဝေးကျင်းပ
(၂၆)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။
ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအတွက် စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ဆွေးနွေးပွဲ ကျင်းပ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Institute for Democracy and Electoral Assistance (International IDEA) အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအတွက် စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် ကျဆုံးခဲ့သော အမေရိကန်စစ်သည်များ၏ ရုပ်ကြွင်းများအား မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒုတိယအကြိမ် ပြန်လည်သယ်ဆောင်
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးဒေသတစ်ဝိုက်တွင် မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ သော ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးပျောက်ဆုံး ကျန်ရစ်ခဲ့သော အမေရိကန်စစ်သည်များ၏ ဖြစ်နိုင်‌ခြေရှိသေ လူသား ရုပ်ကြွင်းများကို ယနေ့မွန်းလွဲ ၁ နာရီခွဲက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဂုဏ်ပြုအခမ်းအနားကျင်းပ၍ အမေရိကန်လေတပ်မှ C-17 အကြီးစား သယ်ယူပို့ဆောင် ရေး လေယာဉ်ကြီးဖြင့် အမေရိကန်နိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ပြန်လည်သယ်ဆောင်သွားခဲ့သည်။
ရှေးဟောင်းပစ္စည်းများ ခေတ်ခွဲခြားခြင်းနှင့် ကမ္ဗည်းကျောက်စာသင်တန်း သင်ကြား ပို့ချလျက်ရှိ
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများ၏ လုပ်ငန်းစွမ်းဆောင်မှု အရည်အသွေး မြင့်မားတိုးတက်စေရန်အတွက် ရှေးဟောင်းပစ္စည်းများ ခေတ်ခွဲခြားခြင်းနှင့် ကမ္ဗည်းကျောက်စာသင်တန်း (၁/၂၀၂၀) ကို မတ် ၁၁ ရက်မှ စတင်ပြီး မတ် ၂၆ ရက်နေ့အထိ  ပုဂံဌာနခွဲတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ကွမ်းလုံမြို့နယ် စာဖြေဌာနနှင့် ပြည်သူ့ဆေးရုံ နှစ်ထပ်လူနာဆောင် ဆောက်လုပ်မှုအား ကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုနှင့်
ဒုတိယဝန်ကြီး ဦးအောင်ထူး (၂၆)ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး တက်ရောက်
ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် မတ် ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပသည့် (၂၆)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်ခဲ့သည်။