ဂျပန်နိုင်ငံ NHK အသံလွှင့်ဌာနမှ ရိုက်ကူးရေးအဖွဲ့ ရန်ကုန်မြို့တွင် သတင်းမှတ်တမ်းရိုက်ကူး

ဂျပန်နိုင်ငံ NHK အသံလွှင့်ဌာနမှ ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်း (Yangon Film School- yfs) သို့ သွားရောက်ပြီး အခြေခံရိုက်ကူးရေး သင်တန်းဖွင့်လှစ်သင်ကြားမှုကို မှတ်တမ်းရိုက်ကူးသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe အား လက်ခံတွေ့ဆုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန် - မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr Hideo Watanabe နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
မန်းရွှေစက်တော်ရာဘုရားပွဲတော် ပိတ်သိမ်းမည်
နှစ်စဉ် တပို့တွဲလဆန်း (၅) ရက်နေ့မှ မြန်မာနှစ်ဆန်း (၁) ရက်နေ့အထိ ကျင်းပမြဲဖြစ်သည့် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို  မတ်လ ၁၃ ရက်နေ့မှ စတင်ကာ ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း၊ မတ်လ ၁၂ ရက် မွန်းလွဲပိုင်းက တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာ ယူ-၂၁ အသင်းကို ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်း
မြန်မာ ယူ-၂၁ အသင်းသည် ၂၀၂၁ ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်၍ ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုလအတွင်း ကာလတိုလေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်စစ်ဆေးကုသရေး တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီ (Surveillance and Respond Team-SRT) ၏ ညှိနှိုင်းအစည်းအဝေးပြုလုပ်
COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်စစ်ဆေးကုသရေး တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီ (Surveillance and Respond Team-SRT)၏ ၄/၂၀၂၀ ညှိနှိုင်းအစည်းအဝေးကို
ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ် “အလွမ်းရိပ်လည်ပြန်” ကဗျာစာအုပ် မိတ်ဆက်
ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ် ကလောင်အသင်း (၁၉၅၈-၆၂) အမှုဆောင်ဟောင်းများက စီစဉ်ထုတ်ဝေသည့် “အလွမ်းရိပ်လည်ပြန်” ကဗျာစာအုပ် မိတ်ဆက်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တက္ကသိုလ်၊ တောင်ငူဆောင်ရှိ မြန်မာစာဌာနခန်းမ၌ ကျင်းပသည်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၃/ ၂၀၂၀) ကျင်းပ
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၃/ ၂၀၂၀) ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။