ငဖဲမြို့နယ်မြို့မဈေးအတွင်း ရောင်းချသော သား၊ငါးများ သန့်ရှင်းစင်ကြယ်စွာ ရောင်းချရေး ကွင်းဆင်းစစ်ဆေး

မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြို့မဈေးတွင် ရောင်းချသော သား၊ငါးများ သန့်ရှင်းစင်ကြယ်စွာ ရောင်းချရေး ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာမှတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ကိုရီးယားဘာသာစကားဆိုင်ရာ  အတွေ့အကြုံ ရှင်းလင်းပွဲနှင့် ဟောပြောပွဲ ကျင်းပ
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကိုရီးယားဘာသာအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် ဟောပြောပွဲ အခမ်းအနားကို မတ် ၃ ရက် နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ် သီရိရတနာခန်းမ၌ ကျင်းပခဲ့
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပ
ငါ့သရောက်မြို့ကုလားတဲကျေးရွာတွင် ကုလားတဲလူငယ့်ရပ်ဝန်း လူငယ်စင်တာ တည်ဆောက်နေရာ ၇၀ ရာနှုန်းပြီးစီး
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ ကုလားတဲကျေးရွာတွင် ကုလားတဲ လူငယ့်ရပ်ဝန်း လူငယ်စင်တာအား British Council ,Active Citizens Programme ၏ Social Action Project တစ်ခုအနေဖြင့် မြန်မာတစ်နိုင်ငံလုံး ဆယ်နေရာရွေးချယ်သည့်အထဲမှ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ကုလားတဲရွာပါဝင်ခဲ့ပြီး ကုလားတဲလူငယ့်ရပ်ဝန်း လူငယ်စင်တာအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောက်လုပ်ခဲ့ရာ ယခုအခါ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ကုလားတဲ ကျေးရွာ Project Officer အနေနှင့်အဓိက ဆောင်ရွက်နေသည့် ဒေသခံလူငယ် ကိုတင့်ထူးအောင်က ပြောကြား
နွေရာသီအခြေခံဂီတသင်တန်းနှင့် ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ပေးမည်

ကိုကြီးကျော်နတ်ပွဲတွင် တောင်သူသုံး တောင်းအမျိုးမျိုး ရောင်းအားကောင်း
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ထန်းတောကျေးရွာတွင် ကိုကြီးကျော်နတ်ပွဲကို တပေါင်းလဆန်း ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရိုးရာမပျက် ကျင်းပလျက်ရှိရာ  ယခင်နှစ်တွေထက် နတ်ပွဲလာသူ နည်းပါး သောကြောင့်  အချို့ဈေးသည်များ ရောင်းအားကျလျက်ရှိသော်လည်း  တောင်သူသုံး တောင်းမျိုးမျိုးမှာ  ယခင်နှစ်များထက် ရောင်းအားကောင်းလျက်ရှိကြောင်း သိရ
ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်သို့ မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်း တတိယအကြိမ် တက်ရောက်မည်