မန္တလေးတိုင်းဒေသကြီးတွင် ဆယ်နှစ်အတွင်း သဘာဝဘေးကြောင့် သေဆုံးသူ ၂၂၂ ယောက်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၇၈၀၅၃ ဦးရှိ
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ငလျင်ဘေး ၁၀ ကြိမ်၊ မီးဘေး ၁၉၉၇ ကြိမ်၊ သစ်တောမီးဘေး ၁ ကြိမ်၊ ရေဘေး ၁၇၇ ကြိမ်၊ ရုတ်တရက်ရေကြီးခြင်း ၈ ကြိမ်၊ ကမ်းပြိုခြင်းဘေး ၁၇၃ ကြိမ်၊ မြေပြိုခြင်းဘေး ၁၃ ကြိမ်၊ လေမုန်တိုင်းနှင့် လေပြင်းဘေး ၄၆၇ ကြိမ်၊ မိုးကြိုးဘေး ၃၂ ကြိမ်၊ အခြားသဘာဝဘေး ၁၁ ကြိမ် ဖြစ်ပွားပြီး သေဆုံးသူ ၂၂၂ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၇၈၀၅၃ ဦးရှိခဲ့ကြောင်း သိရ







