ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာလုပ်ငန်းအဖွဲ့၏ ကွင်းဆင်းတွေ့ရှိမှုများ အကောင်အထည်ဖော်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် နိုင်ငံတော်အစိုးရ၊ UNDP ၊UNHCR တို့အကြား ချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာအရ သက်ဆိုင်သည့် ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ UNDP ၊ UNHCR တို့မှ ကိုယ်စားလှယ်များပါဝင်သော နည်းပညာ လုပ်ငန်းအဖွဲ့၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း ကွင်းဆင်းလေ့လာတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နယူးယောက်မြို့ရှိ  UNICEF ရုံးချုပ်မှ Mr. Robert Jenkins နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နယူးယောက်မြို့ရှိ UNICEF ရုံးချုပ်မှ Education Associate Director, Mr. Robert Jenkins နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။    
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအထိ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျောက်မဲ၌ “COVIC-19 ရောဂါ” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
COVIC-19 ရောဂါ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။
မူဆယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေး တက်ရောက်
“ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ” ၏ (၁/၂၀၂၀) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း IUCN ၏ Asia Regional Director, Ms. Aban Marker Kabraji နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် International Union for Conservation of Nature (IUCN) ၏ Asia Regional Director, Ms. Aban Marker Kabraji နှင့်အဖွဲ့အား