သီတဂူဗုဒ္ဓတက္ကသိုလ်မှ စာသင်သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်မှ အုပ်ချုပ်ရေးဆရာတော်များနှင့် စာသင် သံဃာတော်အပါး ၆၀ ကျော်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီအချိန်က ကသာခရိုင်၊ ဝန်းသိုမြို့၌ ကျင်းပပြုလုပ်ခဲ့
ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်လာစေရန် ပျော်ရွှင်စရာ ပြိုင်ပွဲများ လှိုင်းဘွဲ၌ ကျင်းပ

မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး အောက်ခြေစမ္မခဏ်အက်ကွဲမှု အခြေအနေအား စစ်ဆေး
မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး အောက်ခြေစမ္မခဏ်အက်ကွဲမှုနှင့်ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ညှိနှိုင်းဆွေးနွေးပွဲကို မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့ရုံးတွင် မတ်လ ၄ ရက် ညနေ ၄ နာရီက ကျင်းပပြုလုပ်ပြီး အက်ကွဲမှုအခြေအနေများအား စစ်ဆေးကြည့်ရှုခဲ့ကြသည်။
ဒေးဒရဲရှိ လယ်ယာမြေများ၌  လိပ်ပြာမျိုးရင်းဝင် ဖျက်ပိုးများ ကာကွယ်နှိမ်နင်းရန် ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီလွှတ်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သင်ပေါင်းချောင်ကျေးရွာတွင် လိပ်ပြာမျိုးရင်းဝင် ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရန် ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီ လွှတ်ခြင်းကို  ယမန်နေ့ နံနက် ၁၀ နာရီက သင်ပေါင်းချောင်ကျေးရွာရှိ တောင်သူ ဦးရွှေမြင့်၏ လယ်ယာမြေ၌ ကျင်းပခဲ့
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၉/၂၀၂၀) ကျင်းပ
Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၉/၂၀၂၀) ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
ရန်ကုန်တက္ကသိုလ်ရာပြည့် ဓမ္မသဘင်ကို ရက်ရွှေ့ဆိုင်းခြင်း
ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီးနှင့် ဆရာ၊ ဆရာမများသမဂ္ဂတို့ ပူးပေါင်း၍ မတ်လ (၇ / ၈ / ၉)ရက်တို့တွင် ရန်ကုန်တက္ကသိုလ်ရာပြည့် ဓမ္မသဘင်သစ်ပုတ်ပင်မြက်ခင်းပြင်ရှေ့၌ ကျင်းပမည့် ရာပြည့်ဓမ္မသဘင်ကို လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့်  ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီး ဥက္ကဋ္ဌ ဒေါက်တာခင်ခင်ဝင်းက ပြောသည်။