ဆိုင်ကယ်ဘေးတွဲများ မတ် ၁ ရက်မှစ၍ စစ်ဆေးအရေးယူမည်

မန္တလေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက မော်တော်ဆိုင်ကယ်များတွင် ဘေးတွဲတပ်၍ စီးနင်းသွားလာမှုများအား ၂၀၂၀ ပြည့်နှစ် မတ် ၁ ရက်မှစတင်ပြီး စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ 
ရေစကြိုမြို့နယ် ထန်းတိုကျေးရွာ၌ နိုင်ငံတော်၊ UNICEF အဖွဲ့နှင့် ကျေးရွာပြည်သူလူထုပူးပေါင်းပြီး အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်း အကောင်အထည်ဖော် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ ရေစကြိုမြို့နယ် ထန်းတိုကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ အချိန်ကုန်လူပင်ပန်းသက်သာစွာ အိမ်တိုင်ရာရောက် သောက်သုံးရေရယူသုံးစွဲနိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၊ UNICEF အဖွဲ့နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် ပူးပေါင်းပြီး အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၉ ရက်  ယနေ့နံနက် ၉ နာရီက ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာနှင့် ဝန်ထမ်းများက လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 
စစ်ကိုင်းမြို့ ကုတင်(၂၀ဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ စုပေါင်းသွေးလှူဒါန်း
စစ်ကိုင်းမြို့၊ ကုတင်(၂၀ဝ)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အမှတ်(၃)ရဲ လေ့ကျင့်ရေးကျောင်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ဖေဖော်ဝါရီ ၂၉ ရက်၊ နံနက် ၉ နာရီအချိန်က စုပေါင်း သွေးလှူဒါန်းခဲ့ကြသည်။
ထန်းလျက် ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိခြင်းကြောင့် ထန်းတောင်သူများ စီးပွားရေးတွက်ခြေကိုက် 
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ငါ့သရောက်မြို့နယ်တွင် ထန်းတောင်သူများ ထန်းလျက် ပေါ်ဦးပေါ်ဖျား ဈေးကောင်းနေခြင်းကြောင့် မိသားစုစီးပွားရေးတွက်ခြေကိုက်နေကြပြီး ထန်းတက်မှု မြင့်တက်လာနိုင်ကြောင်း ငါ့သရောက်မြို့ ရွှေလှံပျံရပ်မှထန်းတောင်သူ ဦးစိုးလှိုင်ကပြောပြသည်။
ဓနုဖြူမြို့တွင် အခမဲ့ မျက်စိခွဲစိတ်ကုသပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့အာယုဒါန ကျန်းမာရေးစောင့်ရှောက်မှုအသင်း၏ ဦးစီးဆောင်ရွက်မှုဖြင့် ဓနုဖြူမြို့နယ် အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသ ပေးခြင်းကို  ဖေဖော်ဝါရီ  ၂၈ ရက် မွန်းလွဲ  ၂ နာရီက စတင်၍ ဓနုဖြူမြို့၊ အမှတ်( ၇ )ရပ်ကွက်၊ ဈေးပိုင်းဓမ္မာရုံ၌ စမ်းသပ်စစ်ဆေးပေးခဲ့သည်။
“သန့်ရှင်းခေတ်မီ   ရှေ့သို့ချီ ” နိုင်ငံတစ်ဝန်း စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှု ထားဝယ်၌ ကျင်းပ
MPT က သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်ကင်းစင်ရေးအတွက် ဒေသခံပြည်သူများနှင့် စေတနာရှင်ဝန်ထမ်းများ .............
မြင်းခြံမြို့နယ်တွင် မြေလတ်အိမ်ရာစီမံကိန်း ပထမဦးဆုံးစတင် အကောင်အထည်ဖော်
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့တွင် မြင်းခြံမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဝင်းနုဝင်းကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် .............