သရက်တောကျေးရွာ အ.ထ.ကနှင့် မှော်တောကျေးရွာတွင် ရွေ့လျားစာကြည့်တိုက် ယာဉ်နှစ်စီးဖြင့် အခမဲ့လိုက်လံငှားရမ်း ဆောင်ရွက်ပေး
ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ ရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍ ကျေးရွာများ၊ ကျောင်းများအရောက် ရွေ့လျားစာကြည့်တိုက် ယာဉ်နှစ်စီးဖြင့် အခမဲ့လိုက်လံငှားရမ်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။





