မယ်စဲ့မြို့နယ်အတွင်းမှ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးကျေးရွာအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးကျေးရွာဖြစ်သည့် ပန်တိန်းကျေးရွာအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၁ နာရီခွဲက ပန်တိန်းကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့
ရွှေသိမ်တော်ဘုရားတွင် အဓိဋ္ဌာန်ကန်တော့ပွဲထိုးသူများ ယခင်ကထက်ပိုများလာ

ဆောမြို့၌ ယာဉ်လိုင်စင်၊ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း လုပ်ငန်းများ ဆောင်ရွက်
ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း လုပ်ငန်းများ အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်မှု ညွှန်ကြားမှုဌာန၊ ခရိုင်ရုံး၊ ပခုက္ကူမှ ဖေဖော်ဝါရီ ၂၄ ရက်က  ဆောမြို့၊ ယောမင်းကြီး ဦးဘိုးလှိုင်ခန်းမ၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့
ပွင့်ဖြူမြို့နယ်၌ တောင်သူများ ကြံသီးနှံစမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံ တောင်သူများသည် မြေအောက်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် ဒေသခံတောင်အချို့အနေဖြင့် ကြံသီးနှံကို စမ်းသပ်စိုက်ပျိုးလာကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု ၊ ညောင်ပင်ဝိုင်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရ
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရှိ ကျေးရွာများတွင် နွေရာသီကာလ သောက်သုံးရေရှားပါး ပြတ်လပ်မှုတွေ့ကြုံပါက ကူညီဆောင်ရွက်ပေးနိုင်ရေး အစီအမံများ ဆောင်ရွက်ထား
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း မင်းဘူးမြို့နယ်ရှိ ကျေးရွာ ၁၅၀ တွင် နွေရာသီကာလ သောက်သုံးရေ ရှားပါးပြတ်လပ်မှု ဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရှိ တာဝန်ရှိသူများထံသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရ
ရုပ်ရှင်ဇာတ်ကားများအား ဒီဂျစ်တယ်နည်းပညာဖြင့် ထိန်းသိမ်းခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ရုပ်ရှင်ဇာတ်ကားများအား ဒီဂျစ်တယ်နည်းပညာဖြင့် ထိန်းသိမ်းခြင်းအလုပ်ရုံ ဆွေးနွေးပွဲ (Film Digital Restoration Workshop) ကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း အမှတ်(၅၀)၊ အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ(FDC) သင်တန်းခန်းမ၌ ကျင်းပသည်။ 
အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ဝန်ကြီးဌာနများမှတာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ကတိဖြစ်မေးခွန်းများနှင့်စပ်လျဉ်း၍ မေးခွန်းရှင်များ၊ နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ကချင်ပြည်နယ် အစိုးရအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာ ဆောင်အမှတ် (I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။