ဟိုပုံးမြို့နယ်၌ မီးမရရှိသေးသည့်ကျေးရွာများကို စွမ်းအားမြှင့်မီးဖိုနှင့် ဆေးရည်စိမ်ခြင်ထောင်များ ကျေးရွာအရောက်ပေးအပ်
ကိုရီးယားနိုင်ငံ ရာသီဉတုပြောင်းလဲမှုဗဟိုဌာနမှ ထောက်ပံ့လှူဒါန်းသည့် စွမ်းအားမြှင့်မီးဖိုများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မီးမရရှိသေးသည့် ကျေးရွာများကို စွမ်းအားမြှင့်မီးဖိုနှင့် ဆေးရည်စိမ်ခြင်ထောင်များ ကျေးရွာအရောက် ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၁ နာရီက တိလုံကျေးရွာအုပ်စု၊ တီးတန်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။






