ရမည်းသင်းမြို့ မြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်နှင့် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ရမည်းသင်းမြို့နယ် မြိုးမဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဝက်ခြံအနံ့ဆိုးကြောင့် ကျေးရွာနေပြည်သူများ ကျန်းမာရေးထိခိုက်လာမည်ကို စိုးရိမ် 
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကင်းရွာအုပ်စု ကုလားကုန်း (ခ) သဘော်တိုက်ကျေးရွာအတွင်း မွေးမြူထားသော ဝက်ခြံမှ အနံဆိုးများကို အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များမှ နေ့စဥ်ရှုရှိုက်နေရသဖြင့် ကျန်းမာရေးထိခိုက်လာမည်ကို စိုးရိမ်သည့်အတွက် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရေး ဒေသခံကျေးရွာနေပြည်သူများ လိုလားလျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (ARDSCG) ၏ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (ARDSCG) ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီခွဲက နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း DFID အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် Department for International Development – DFID (UKaid) ၏ External Team of Election Experts ခေါင်းဆောင်ဖြစ်သူ Mr. Holly Ruthrauff နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း SMVTI လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ
မြန်မာနိုင်ငံအစိုးရနှင့် စင်ကာပူနိုင်ငံအစိုးရတို့ ပူးပေါင်းဖွင့်လှစ်သော စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း SMVTI လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ်ရှိ အဆိုပါကျောင်းဝင်း၌ ကျင်းပသည်။
အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း၊ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင် အမှတ်(I-20) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
ဥပဒေဘာသာပြန် ကော်မရှင် ဆဌမအကြိမ် အစည်းအဝေး ကျင်းပ 
ပြည်ထောင်စုရှေ့နေချုပ် ဥက္ကဌအဖြစ်ပါဝင်သော ဥပဒေဘာသာပြန်ကော်မရှင်၏ ဆဌမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။