ဘားအံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသောအာမခံအလုပ်သမားနှစ်ဦး၏ ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့် ထုတ်ပေး
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အမှတ်(၁)ဘိလပ်မြေစက်ရုံ တန်(၉၀၀)မြိုင်ကလေးမှ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား(၂)ဦး၏ အကျိုးခံစားခွင့် ငွေလုံးငွေရင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီက အဆိုပါစက်ရုံဝင်းအတွင်းရှိ အစည်းအဝေးခန်းမ၌ ကျန်ရစ်သူမိသားစုများထံ ပေးအပ်ခဲ့သည်။








