မြန်မာ့သရေစာ မုန့်စားပွဲတော်နှင့် ပညာရေးစုံညီပွဲတော်ကျင်းပ
မြန်မာ့သရေစာ မုန့်အမျိုးပေါင်း (၂၃)မျိုးပါဝင်သည့် မုန့်စားပွဲတော်နှင့် ပညာရေးစုံညီပွဲတော်ကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက် မြို့မအခြေခံပညာ မူလတန်းကျောင်းတွင် စည်သားသိုက်မြိုက်စွာ ကျင်းပသည်။





