ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဉက္ကဌနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းဉက္ကဌနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်း ရှင်များအသင်းဉက္ကဌနှင့် အမှုဆောင်များအား ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး၏ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။