ကျောင်းကုန်းမြို့တွင် ဖေဖော်ဝါရီလအတွင်း စွမ်းအားမြှင့်မီးဖိုအလုံးပေါင်း (၉၀၀၀)ဖြန့်ဝေသွားမည်

ကျောင်းကုန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စွမ်းအားမြှင့်မီးဖိုများအား လျှပ်စစ်မီး မရရှိသည့် ကျေးလက်ဒေသများသို့ ယနေ့နံနက်ပိုင်းက   ပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ နွေသီးနှံစိုက်ပျိုးတောင်သူများအား မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီလ ၁၅ ရက်၊ ယနေ့နံနက် ၉ နာရီကစတင်ကာ ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ တောင်မုန်းမြောင်းမကြီးအား စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။ 
ချင်းတိုင်းရင်းသားစာပေတိုးတက်ရေးအဖွဲ့(ယော) ဆပ်ပြာပြုလုပ်မှုသင်တန်းဖွင့်လှစ်
ချင်းတိုင်းရင်းသားစာပေတိုးတက်ရေးအဖွဲ့(ယော) ဆပ်ပြာပြုလုပ်မှုသင်တန်းကို ဂန့်ဂေါခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်တွင် မီးငြိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဦးစုခြင်း ဇာတ်တိုက်လေ့ကျင့်
စက်ရုံအလုပ်ရုံများတွင် မီးလောင်မှုဖြစ်ပွားပါက စက်ရုံအလုပ်ရုံရှိ လုပ်သားများမှ စက်ရုံရှိ မီးငြိမ်းသတ် ပစ္စည်းများဖြင့် ကနဦးငြှိမ်းသတ်နိုင်ရေး၊ မီးသတ်ဦးစီးဌာနနှင့်ပူးတွဲဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်ရှိ အဆောင်ကောင်း/အက်ဒမန်ကုမ္ပဏီလီမိတက်တွင် ဖေဖော်ဝါရီလ(၁၄)ရက် နံနက်(၉) နာရီက မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်း ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (EIM) လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း
ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး(EIM) Exercise is Medicine အစီအစဉ်အရ ရှမ်းပြည် နယ် (တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန နှင့် ပညာရေးဌာနတို့ပူး ပေါင်းကာ ကျောင်းနေအရွယ် ကလေးငယ်များ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ဖွံ့ ဖြိုးသော လူငယ်မောင် မယ်များ ပေါ်ထွက်လာစေရေးအတွက် (Myanmar Fitness Dance ) အကများဖြင့် သရုပ်ဖော် ကပြခြင်း ကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောက်း(နမ့်မော်ဆွမ့်)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် မူလတန်းကြို ကလေးငယ်များ ဂုဏ်ပြုဖျော်ဖြေ
မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင် လူမှုဝန်ထမ်းရုံးမှ  မြိတ်မြို့ မူလတန်းကြိုကျောင်းတွင် ဖေဖော်ဝါရီလ(၁၃)ရက် ညနေပိုင်းက ကျင်းပခဲ့ရာ မူလတန်း ကြိုကလေးငယ်များမှ ဂုဏ်ပြုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးပွဲကျင်းပ

<