(၇၄)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသော အားဖြင့်ပြည်မြို့ ကုတင် ၅၀ဝ ဆံ့ပြည်သူ့ ဆေးရုံကြီး၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ပြည်မြို့ကုတင် ၅၀ဝ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၇ နာရီအချိန်တွင် (၇၄)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သန့်ရှင်းရေးပြုလုပ်ကြ
မင်းဘူးမြို့တွင် အုတ်လုပ်ငန်း ထုတ်လုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် အမှတ်(၂) နယ်မြေ ကျောက်တံခါးရပ်ကွက်တွင် အရည်အသွေး ကောင်းအုတ်များ ထုတ်လုပ်ရောင်းချလျက်ရှိပြီး အုတ်လုပ်ငန်း လုပ်ကိုင်နေသူများ အဆင်ပြေလျက် ရှိကြောင်း သိရ
နေပြည်တော် အမှတ်(၂)တပ်မတော် ဆေးရုံကြီး၊ကုတင်(၁၀ဝ၀)၌ အသုံးပြုရန်အတွက် Medicine Trolley (၂)စင် လှူဒါန်း
အမှတ်(၂) တပ်မတော်ဆေးရုံကြီး၊ ကုတင်(၁၀ဝ၀)နေပြည်တော်၌ အသုံးပြုရန်အတွက် ဆေးနှင့်ဆက်စပ် ပစ္စည်းများတင်ဆောင်မည့် Medicine Trolley စင် (၂)စင်အား မြိတ်မြို့နေ ဦးထိန်ဝင်း (ပြန်/ဆက်ဦးစီးဌာန)၊ ဒေါ်နွဲ့နွဲ့ရီ(ဒု-လဝကမှူး)မိသားစုမှ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီအချိန်က ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုသမှုဌာန အဆောင်(၂၇)တွင် လှူဒါန်းပေးအပ်ရာ ဆီးနှင့် ကျောက်ကပ် ခွဲစိတ်ကုသမှုဌာန ဌာနမှူး ဆီးနှင့်ကျောက်ကပ် ခွဲစိတ်သမားတော်ကြီး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ထွန်းနှင့် ပါရဂူများ၊ ဆေးမှူးများက လက်ခံရယူကြ
မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာမှ ရောင်းချပေးမည့် တိုက်ခန်း ၅၀ဝ ကျော်အတွက် လျှောက်လွှာ ဝယ်ယူသူ ၆၀ဝ၀ ကျော်ရှိ
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် မြရည်နန္ဒာတန်းဖိုးမျှတအိမ်ရာမှ တိုက်ခန်း ၅၀ဝ ကျော်အား အငြိမ်းစားဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ ပြင်ပပုဂ္ဂလိကကုမဏီဝန်ထမ်းများနှင့် ပြည်သူများ အားရောင်းချပေးသွားမည်ဖြစ်ရာ အဆိုပါ တိုက်ခန်းများအတွက် လျှောက်လွှာဝယ်ယူသူ ၆၀ဝ၀ ကျော်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရ
မြောင်းမြမြို့၌ "ယာဉ်အန္တရာယ်ကင်းရှင်းဖို့ အားလုံးပူးပေါင်းပါဝင်စို့" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပမည်
မြောင်းမြခရိုင် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တို့ပူးပေါင်း ဆောင်ရွက်သော "ယာဉ်အန္တရာယ် ကင်းရှင်းဖို့ အားလုံးပူးပေါင်းပါ ဝင်စို့" ခေါင်းစဉ်ဖြင့်ပြည်သူ့ စကားဝိုင်းအခမ်း အနား ကို မြောင်းမြမြို့ အ.ထ.က(၁) ကျောင်း၊ ပညာရတနာခန်းမ၌ ဖေဖော်ဝါရီ ၁၅  ရက်နေ့ မွန်းလွဲ(၂)နာရီ အချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ဒေးဒရဲမြို့၌ လိပ်ပြာမျိုးရင်းဝင်ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရန် ထရိုင်ဂိုဂရားမား ဉကပ်ပါးနဂျီလွှတ်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ချောင်းဖျားကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးမှူး၍ လိပ်ပြာမျိုးရင်းဝင်ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရန် ထရိုင်ဂိုဂရားမား ဉကပ်ပါးနဂျီလွှတ်ခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ချောင်းဖျားကျေးရွာရှိ တောင်သူ ဦးထွန်းမြင့်အောင်၏ လယ်ယာမြေ၌ ကျင်းပခဲ့သည်။
ထီးလင်းမြို့နယ်အတွင်းရှိ ကျေးလက်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်း ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးရေး လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများနှင့် မြို့နယ်ကျေးလက်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီရန်နှင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၃ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးအောင်ဝေထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။