ကျောက်မဲမြို့တွင် မီနီမာရသွန် အပြေးပြိုင်ပွဲကျင်းပ

၂၀၂၀ ပြည့်နှစ် Exercise is Medicine အစီအစဉ်နှင့် ဆေးလိပ်ကင်းစင် ရှမ်းပြည်တစ်ခွင် အစီအစဉ်အရ ကျင်းပသည့် မြို့နယ် အားကစားနှင့် ကာယာပညာကော်မတီ ဉက္ကဋ္ဌဖလား ကျောင်းအခြေပြု မီနီမာရသွန် အပြေးပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီက ကျောက်မဲမြို့တွင် ကျင်းပခဲ့သည်။  
မြစ်သား အိမ်ရှေ့တောင်နှင့် ပွဲလုံးကျော်ကျေးရွာတို့တွင် လျှပ်စစ်မီးလင်းရေးအောင်ပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၊ ပွဲလုံးကျော်ကျေးရွာအုပ်စု၊ ပွဲလုံးကျော်ကျေးရွာနှင့် အိမ်ရှေ့တောင်အုပ်စု၊ အိမ်ရှေ့တောင်ကျေးရွာ မီးလင်းရေးဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲတွင် ပွဲလုံးကျော်ကျေးရွာ၌ လည်းကောင်း၊ ညနေ ၆ နာရီတွင် အိမ်ရှေ့တောင်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်းတွင် လည်းကောင်း ကျင်းပခဲ့သည်။ 
ကသာပြည်သူ့ဆေးရုံတွင် (၂)ထပ်တိုးချဲ့လူနာဆောင် ဆောက်လုပ်မည်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှ အပ်နှံသည့် ကသာပြည်သူ့ဆေးရုံတွင် ဖျားနာနေသော လူနာများအတွက် လိုအပ်နေသော (၂)ထပ်တိုးချဲ့လူနာဆောင် ဆောက်လုပ်မည့် မြေနေရာပေါ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ကျန်းမာရေးဦစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော တာဝန်ရှိသူများက ယင်းအဆောက်အဉီ မြေနေရာပေါ်တွင် ပန္နက်တင်ခဲ့ကြပြီး အမွှေးနံ့သာရည်များ ဖျန်းခဲ့ကြသည်။
မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံဆွေးနွေးပွဲအတွက် သတင်းမီဒီယာများနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ ထားဝယ်မြို့၌ ကျင်းပ
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ကြီးမှူးကျင်းပသော မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံဆွေးနွေးပွဲအတွက် သတင်းမီဒီယာများနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ ၉ ရက် နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ မြောက်ရွာရပ်ကွက်၊ ရေးလမ်းရှိ Diamond Crown Hotel, Grand Ballroom ခန်းမ၊ မြေညီထပ်၌ ကျင်းပခဲ့သည်။
လေးရွာနှင့် ကျောက်ထုမြို့ကို ဆက်သွယ်သည့် ချီချောင်းကူးတံတားဖွင့်လှစ်
လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းက ဆောက်လုပ်၍ ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ လေးရွာနှင့် ကျောက်ထုမြို့ကို ဆက်သွယ်သည့် ချီချောင်းကူး လူကူးကြိုးတံတားကို ဖေဖော်ဝါရီ ၈ ရက်က ဖွင့်လှစ်ပြီဖြစ်သည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသည့် ကျေးရွာအိမ်ထောင်စုများအား စွမ်းအားမြင့် မီးဖိုများ အခမဲ့ဖြန့်ဖြူးပေးအပ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော မြန်မာနိုင်ငံတွင် စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်းအရ ကျေးရွာအရောက် ဖြန့်ဖြူးခြင်းကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုးနဲမြို့၌ တပို့တွဲလပြည့်နေ့ ရှားမီးပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စေတီပုံရှားမီးပူဇော်ပွဲကို လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း၌ ဖေဖော်ဝါရီ ၈ ရက် ည ၇ နာရီက စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။