ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ (၃၃/၁၁) ကေဗွီ၊ (၅) အမ်ဗွီအေ ခတ္ထိယဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှအကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ခတ္ထိယ ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် မန္တလာဒီဂရီကောလိပ်မှ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှုပညာ ပထမနှစ်ကျောင်းသား/ကျောင်းသူများအား လက်ခံတွေ့ဆုံ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီဌာန လက်အောက်ရှိ မန္တလာ ဒီဂရီကောလိပ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှုပညာ(Bachelor of Tourism and Hospitality Management-BTHM) ဘာသာရပ် ပထမနှစ် ကျောင်းသား ကျောင်းသူ(၈၀)နှင့် ကြီးကြပ်သူဆရာ/ဆရာမ (၅)ဦးတို့အား ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး ကျောက်စိမ်းခန်းမ၌ လက်ခံတွေ့ဆုံသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းများလှူဒါန်း
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းများ လှူဒါန်းပွဲကို  ဖေဖော်ဝါရီ (၈)ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သူနာပြုတက္ကသိုလ်၊ ရန်ကုန်၏ (၂၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ဖေဖော်ဝါရီ (၈) ရက် ညပိုင်းတွင် သူနာပြုတက္ကသိုလ် ရန်ကုန်၌ ကျင်းပခဲ့သည့် သူနာပြုတက္ကသိုလ် ရန်ကုန်၏ (၂၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ရှေးဟောင်းဓနုဖြူခံတပ်အား ကြည့်ရှုစစ်ဆေး
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သည် ယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ရှိ အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲတွင် စစ်သူကြီးသတိုးသုဓမ္မမဟာဗန္ဓုလ ဦးဆောင်၍ အင်္ဂလိပ်တို့အား ခုခံတိုက်ခိုက်ခဲ့ သည့် ရှေးဟောင်းဓနုဖြူခံတပ်၏ ကျန်ရှိနေသေးသော အုတ်ရိုးအစိတ်အပိုင်းများ ပြုပြင် ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကဗျာရေးပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ ဆုရရှိသူများ ဂုဏ်ပြုဆုချီးမြှင့်
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံပညာအလယ်တန်းအဆင့် ကဗျာရေးနည်းပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် ၊ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။
ဂျပန်ဘာသာစကားပြောသင်တန်း မြင်းမူမြို့တွင် ဖွင့်လှစ်သင်ကြားမည်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်ချက်  တိုင်းဒေသကြီး လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့တွင် ဂျပန်ဘာသာ စကားပြောသင်တန်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။