ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား လက်ခံတွေ့ဆုံ

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား ယနေ့မွန်းလွဲ ၁ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆရာတို့စာ ကျွန်တော်တို့အမြင် သူတို့စကား သုတရသ စာပေစကားဝိုင်းဆွေးနွေးပွဲ ဒုတိယနေ့ကျင်းပ
Thihayadanar Entertainment က စီစဉ်တင်ဆက်သည့် ဆရာတို့စာ ကျွန်တော်တို့အမြင် သူတို့စကား သုတရသ စာပေစကားဝိုင်းဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းစီမံချက်ရေးဆွဲရေးဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းစီမံချက်ရေးဆွဲရေးဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက Royal Naypyitaw ဟိုတယ်၌ ကျင်းပသည်။ 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး မစ္စစ် တူနယ် တီးနပ်(စ်) နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ(၂)ဦး ဆေးကုသမှုခံယူနေကြောင်း ယူနန်ပြည်နယ်၊ ကျန်းမာရေးဌာနက ထုတ်ပြန်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နှင့် အနီးကပ်ဆုံးမြို့ဖြစ်သည့် တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ (၂) ဦးရှိနေကြောင်း ဇန်နဝါရီလ (၂၅) ရက်နေ့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်လိုက်သည်။ အဆိုပါ ကိုရိုနာဗိုင်းရစ်ပ် ကူးစက်ခံရသူ နှစ်ဦးသည် ဝူဟန်မြို့မှ ရွှေလီမြို့သို့ လာရောက်လည်ပတ်သည့် အသက်(၆၀)ကျော်၊ လင်မယား(၂)ဦး ဖြစ်ကြောင်း သိရ
သုတဘဏ်စာတမ်းဖတ်ပွဲ ကျင်းပမည်

ပန်းတောင်းမြို့၌ ညဈေးတန်း ဈေးရောင်းပွဲ ဖွင့်လှစ်