ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ (School Garden) စတင် ဆောင်ရွက်လျက်ရှိ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အ‌ခြေခံပညာကျောင်းများ၌  မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ကလေးငယ်အရွယ်မှစတင်ကာ စိုက်ပျိုးရေး အခြေခံ ကောင်းများကို စိတ်ပါဝင်စားစွာသိရှိ နားလည်လာနိုင်စေရေး ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ခြင်းကို သိရှိနားလည်လာနိုင်စေရေး စိုက်ပျိုးရေး ပညာအခြေခံ ဗဟုသုတကောင်းများသိရှိလာစေရန် သစ်ပင်ပန်းပင်များကို ချစ်ခင်မြတ်နိုးတက် လာစေရန် အာဟာရ  ပြည့်ဝသော ဟင်းသီဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုး စားသုံးနိုင်စေရန်အတွက် ရည်ရွယ်ပြီး အခြေခံပညာကျောင်းများ၌ (School Garden) ကျောင်းဥယါဉ်   ဟင်းသီးဟင်းရွက် စိုက်ခင်းများကို   အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိ
မော်လမြိုင်ခရိုင်အတွင်းရှိ ကျေးရွာပေါင်း (၃၄)ရွာတွင် ငွေကျပ်(၉၇၂ ဒသမ ၇၅၀)သန်းဖြင့် ဒေသခံပြည်များ အကျိုးပြု ကျေးလက်ကုန်ထုတ်လမ်းတံတားနှင့် ရေရရှိရေးလုပ်ငန်းများ စတင်ဆောင်ရွက်

အမေရိကန်သံရုံးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော Community Champions Follow- UPS, Soccer, Clinic ဘောလုံးသင်တန်းဖွင့်ပွဲကျင်းပ
အမေရိကန်သံရုံးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော Community Champions Follow- UPS, Soccer, Clinic ဘောလုံးသင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၂၂ ရက် ညနေ ၃ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ သစ်ပင်ထောင်ရပ်ကွက်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်း၌ ကျင်းပ
အင်တာနက်လိုင်း ရရှိပြီဖြစ်သော ချီဖွေမြို့၌ MPT မိုလ်ဘိုင်းစခန်းသစ်ဖွင့်လှစ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့၌ MPT မိုလ်ဘိုင်းစခန်းသစ်ကို ဇန်နဝါရီ (၂၂)ရက်နေ့ နံနက်ပိုင်းက ဘာလဲ့ရပ်ကွက်တွင်ဖွင့်လှစ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးဝင်းညွှန့်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်မန်နေဂျာ ဦးစိုးမင်းထိုက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြောင်း သိရ
ကာမိုင်းမြို့၌ အထူးကုဆရာဝန်ကြီးများအဖွဲ့မှ အခမဲ့နယ်လှည့်ဆေးကုသ
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခမဲ့နယ်လှည့်ဆေးကုသမှု အစီအစဉ်အရ ပြည်နယ် အတွင်းမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင် ဒေသခံပြည်သူများအား ရောဂါရှာဖွေခြင်း ဆေးဝါးကုသပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရ
ဝမ်းတွင်းမြို့နယ်အတွင်း ၂၀၁၉ ကြားဖြတ်သန်း ခေါင်စာရင်းကောက်ယူမှုပြီးစီး
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်နေ့မှ စတင်ကာမြို့နယ်အတွင်း ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ကောက်ယူခဲ့ကြောင်း သိရ
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှအော်တိုတယ်လီဖုန်းနံပတ်များ ပြောင်းလဲတပ်ဆင်
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT) မှ တိုင်းဒေသကြီးအချို့နှင့်ပြည်နယ် အချို့တွင် ခေတ်မီအိတ်ချိန်း စက်များလဲလှယ်ပြီး ဖြစ်သဖြင့် အော်တိုတယ်လီဖုန်းနံပတ်များ ပြောင်းလဲမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)မှ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့