ဟိုပုံးမြို့နယ်၌ ကျောက်တန်းအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်သစ်အား ပညာရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ပံ့ပိုးကူညီမှု၊ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့်၊ စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောက် လုပ်သော ကျောက်တန်း အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်သစ်အား ပညာရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျောက်တန်း ကျေးရွာအုပ်စု၊ ကျောင်းတန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့








