ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များအတွက် နှစ်သိမ့်ဆွေးနွေးသော Counseling ဆရာဖြစ်သင်တန်းဖွင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ဗဟို)မှ ကျင်းပသော ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များအတွက် မှန်ကန်သော ရွေးချယ်မှုကို ကိုယ်တိုင်ဆုံးဖြတ်လုပ်ဆောင်နိုင်ရန်၊ နှစ်သိမ့်ဆွေးနွေးသော Counseling ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အောက်မေ့ဘွယ်ဓမ္မာရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်း မကြာမီပြီးစီးတော့မည်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီ ၂ ရက်နေ့က စတင်ကာ မြို့နယ်အတွင်း စာရင်းကောက်ကွက်ပေါင်း ၁၅ ကွက်အား ကွင်းဆင်းကောက်ယူ ဆောင်ရွက်လျက်ရှိရာ မကြာမီပြီးစီးတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်   တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျနှင့်အတူ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဇန်နဝါရီ ၆ ရက်မှ ၉ ရက်အထိ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကမ္ဘောဇဘဏ်လီမိတက်က ဖိုင်ဘာစက်လှေ ၉ စီး လာရောက်လှူဒါန်း
မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အရေးပေါ် တုံ့ပြန် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကမ္ဘောဇဘဏ်လီမိတက်က ဖိုင်ဘာစက်လှေတစ်စီးလျှင် ငွေကျပ် (၂,၇၅၀,ဝ၀ဝ/-)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၄ ဒသမ ၇၅၀) သန်း တန်ဖိုးရှိ ဖိုင်ဘာစက်လှေ ၉ စီး
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် ဆွီဒင်နိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌတို့ တွေ့ဆုံ
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်နှင့် ဆွီဒင်နိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ Ms. Margareta Wahlstrom တို့သည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရန်ကုန်)ရုံးခွဲ၌ တွေ့ဆုံကြသည်။
အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ကို ဧပြီ ပထမပတ်တွင် ဖွင့်လှစ်ရန်လျာထား
စာဖတ်သူအနေဖြင့် ဖတ်ရှုလိုသော စာအုပ်များကို OPAC (Online Public Access) မှလည်းကောင်း၊ စာအုပ်စင်တွင် ကိုယ်တိုင်ရှာဖွေ၍ လည်းကောင်းရှာဖွေ ဖတ်ရှုခြင်း၊ ငှားရမ်းခြင်းများ ----------
မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ချည်မျှင်နှင့် အထည်အလိပ် ဒီပလိုမာကျောင်းဆင်းလက်ရာပြပွဲ၊ ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ