တောင်ကုတ်မြို့၌ ကလေးစာပေပွဲတော်  ကျင်းပ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တောင်ကုတ်မြို့နယ်စီမံခန့်ခွဲရေးကော်မတီတို့ ပူးပေါင်း ကျင်းပသော  ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ယနေ့ မွန်းလွဲ ပိုင်းက တောင်ကုတ်ဒီဂရီကောလိပ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ တက်ရောက်
မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမျိုးသိမ်းကြီး ကျောင်းစာကြည့်တိုက်များ ဖွင့်ပွဲအခမ်းအနား တက်ရောက်
ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များအသင်းတို့ ပူးပေါင်း ဖွင့်လှစ်သော အထက (၁)ရွှေပြည်သာ၊ အထက(၂)လှိုင်သာယာ၊ အထက(၃) မင်္ဂလာဒုံ၊ အထက တော်လန်း (ကွမ်းခြံကုန်း)ကျောင်းများ၏ ကျောင်းစာကြည့်တိုက်များ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အောင်မြေသာစံမြို့နယ်တွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွား(၉၀ဝ)ကျော်အတွက် လူမှုရေးပင်စင်ငွေများ ပေးအပ်
အောင်မြေသာစံမြို့နယ်တွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွား(၉၀ဝ)ကျော်အတွက် လူမှုရေးပင်စင်ငွေများ ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။