ဝေါမြို့ရှိ မီးဘေးသင့်မိသားစုအတွက် ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ တိုင်းလက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဟန် နှင့် ဝန်ထမ်းများသည် ဒီဇင်ဘာ ၁၀ ရက် နံနက် (၁၁)နာရီက ဝေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မီးဘေးသင့်နေအိမ်မိသားစုအတွက် ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရ







